Childcare & Protection

Funded by ChildFund (Australia)

ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ဖန်တီးပေးခြင်း စီမံချက် (ဒလမြို့)

စီမံချက်၏ ပန်းတိုင်

  • စီမံကိန်းဧရိယာရှိ ကလေးများ ဘေးကင်းလုံခြုံသော နေရာတစ်ခု ရရှိစေရန်နှင့် စွမ်းဆောင်ရည်များ မြှင့်တက်လာခြင်း။

စီမံချက်၏ မျှော်မှန်းရလဒ်များ

  • စီမံကိန်းဧရိယာရှိ ကလေးပြဿနာများ ကြုံတွေ့လာပါက ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စနစ်လည်ပတ်ပြီး လိုအပ်ချက်များကို ချိတ်ဆက် ဖြည့်ဆည်းပေးနိုင်ရန်။
  • ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှု့အစီအစဉ်များကို ဖော်ထုတ်လာနိုင်စေရန်။

စီမံကိန်းဧရိယာရှိ ကလေးပြဿနာများ ကြုံတွေ့လာပါက ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စနစ်လည်ပတ်ပြီး လိုအပ်ချက်များကို ချိတ်ဆက် ဖြည့်ဆည်းပေးနိုင်ရန်။

  • စီမံချက်ဒေသအတွင်းရှိ ရပ်ရွာဒေသတွင်း Key Actors များ ၊ Volunteersအား စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းပေးများပေးခြင်း။
  • ကလေးသူငယ်အခွင့်အရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်‌ရှောက်ရေး၊ ဂျန်ဒါ၊ မသန်စွမ်းမှု့၊ ကလေးဖြစ်ရပ် ညွှန်းပို့ခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး သင်တန်း။
  • လူထုပါဝင်ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီသူတစ်ယောက်၏ သိရမည့်စွမ်းရည် မြှင့်တင်ခြင်းသင်တန်း၊ ကလေးများ စုဝေးရာ လုံခြုံစိတ်ချသော နေရာ အသိပညာပေးသင်တန်း။
  • ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကိုဗစ်-၁၉ အသိအပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း။
  • စီမံချက်ဒေသအတွင်းရှိ ရပ်ရွာဒေသတွင်း လူကြီးများအား အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း။
  • စီမံချက်ဒေသအတွင်းရှိ ရပ်ရွာဒေသတွင်း Key Actors များ ၊ Volunteers များနှင့် လစဉ် ပုံမှန်အစည်းအဝေးများ ပြုလုပ်ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်း။
  • မိမိတို့ ရပ်ရွာအတွင်း လုပ်ငန်းများ လုပ်ဆောင်မှုကို ပြန်လည်သုံးသပ်ခြင်း … လိုအပ်ချက်များ ၊ အောင်မြင်မှု့များ၊ အခက်အခဲများနှင့် ဖြေရှင်းနည်းများကို တိုင်ပင်ဆွေးနွေးခြင်း။ ရှေ့ဆက်လုပ်ငန်းစဉ်များ ‌တိုင်ပင်ရေးဆွဲခြင်း။
  • စီမံချက်ဒေသအတွင်းရှိ ရပ်ရွာဒေသတွင်း Key Actors များ ၊ Volunteers များ၊  ကလေးအရေးကို လုပ်ကိုင်ပေးနေကြသည့် အရပ်ဖက်လူမှုရေးအဖွဲ့များဖြင့် ချိတ်ဆက်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း။

ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှု့အစီအစဉ်များကို ဖော်ထုတ်လာနိုင်စေရန်။