ရတနာ့မေတ္တာအဖွဲ့ စီမံရေးရာဌာနအနေဖြင့် ဝန်ထမ်းများခန့်ထားခြင်း၊ ဝန်ထမ်းသစ်များအား Orientation ပြုလုပ်ခြင်း၊ ဝန်ထမ်းများအား သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာစေရေးနှင့် Policy များအတိုင်း လိုက်နာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ရုံးခန်းအသစ်ဖွင့်လှစ်ခြင်း၊ IEC များ ရိုက်နှိပ်ခြင်း၊ အစည်းဝေးများကျင်းပခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပါသည်။
ရတနာ့မေတ္တာအဖွဲ့ စီမံကိန်းဌာနအနေဖြင့် ရတနာ့မေတ္တာအဖွဲ့မှ ချမှတ်ထားသော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိနိုင်ရန် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနတို့နှင့် ပူးပေါင်း၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ရတနာ့မေတ္တာအဖွဲ့ ဘဏ္ဍာရေးဌာနအနေဖြင့် ရတနာ့မေတ္တာအဖွဲ့မှ ပြဌာန်းထားသော ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရံပုံငွေများလက်ခံခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် သုံးစွဲခြင်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကိုလည်း သုံးသပ်၍ လိုအပ်သလို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ရတနာ့မေတ္တာအဖွဲ့ လုပ်ငန်းစစ်ဌာနသည် အလုပ်အမှုဆောင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရုံးချုပ်နှင့် စီမံချက်များ၏ လုပ်ငန်းများနှင့် ငွေစာရင်းများကို စာရင်းစစ်လုပ်ထုံးလုပ်နည်း M&E လုပ်ငန်းစဉ်များနှင့်အညီ စစ်ဆေးပါသည်။ စည်းမျဉ်းစည်းကမ်းများနှင့် ကွဲလွဲမှုရှိပါကလည်း ပြုပြင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။